မလေးရှားမှာ ယနေ့စတင်စုဝေ ဆန္ဒပြပြီ !
မင်္ဂလာပါ
ယနေ့ည မလေးရှားစံတော်ချိန် 8:30 တွင် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ Kalana Jaya Stadium ၌ အတိုက်ခံပါတီခေါင်းဆောင် Dato' Seri Anwar bin Ibrahim (အဏ္ဍဝါ) နဲ့ အခြားအတိုက်အခံပါတီ များစုပေါင်းပြီး Bersih 4.0 ဆန္ဒပြပွဲကို ယနေ့ ကျင်းပနေပြီဖြစ်ပါတယ် ။
အကြောင်းမှာပြီးခဲ့တဲ့
5.5.2013 မှာကျင်းပခဲ့တဲ့ မလေးရှားနိုင်ငံလုံးဆိုင်ရာ 13 ကြိမ်မြောက်
ရွေးကောက်ပွဲရဲ့ ရလဒ်ကို လက်မခံနိုင်တဲ့ အတိုက်ခံပါတီတွေက
ရွေးကောက်ပွဲမဲရေတွက်နေစဉ် မီးပျက်မှု့များ ၊
နိုင်ငံခြားသားများကိုမဲပေးစေခြင်းများ ၊ မဲအရေအတွက်နှင့်
မဲပေးခွင့်ရှိသူ ပမာဏ ကွာဟနေမှု့များကြောင့် Dark Election ဟုကြွေးကြော်ကာ
ဝတ်စုံမဲများတူညီဝတ်ဆင်ပြီး ယနေ့ပွဲကိုဆင်နွဲကြခြင်းဖြစ်ပါတယ် ။ယခင်ကဲ့သို့ မြန်မာဆိုင်များတည်ရှိရာ Merdaka ကွင်းမှာလိုမဟုတ်တာကြောင့် ဧဒင်ဥယျာဉ်မှ သတိပေးချက်များ မရေးပေးခဲ့ပဲ မလေးရှား နိုင်ငံရဲ့ ပြည်တွင်း အခြေအနေများကို မြန်မာများအားလုံး သိရှိနေအောင် ယခုလို ဘာသာပြန်တင်ဆက်ပေးခြင်းဖြစ်ပါတယ် ။
လူပေါင်းများစွာဟာ မိုးရွာနေတဲ့ကြားက ဆက်လက် ဝင်ရောက်နေပြီး မလေးရှားနိုင်ငံသားတရုတ်လူမျိုးများကတော့ အောက်ပါသတင်းစာကြောင့် ဒေါသထွက်ကာ အဆိုပါပွဲကိုဝင်ရောက်ဆင်နွဲနေကြခြင်ဖြစ်ပါတယ် ။ Utusan Malaysia သတင်းစာရဲ့ တရုတ်တွေ ဘာထပ်လိုချင်သေးလဲ ဆိုတဲ့ သတင်းစာကြောင့် မလေးရှားရဲ့ တရုတ် လူမျိုးများပိုမိုပါဝင်လာတာကို တွေ့ရမည်ဖြစ်ပါတယ် ။ အောက်ပါသတင်းစာဖြစ်ပါတယ် ။
ယခု အတိုက်ခံခေါင်းဆောင် အဏ္ဍဝါမှ လက်ရှိအစိုးရအား ကန့်ကွက်သွားမည့်အကြောင်းပြောကြားနေပါသည်
ကျွန်တော် FACEBOOK မှ ပြန်လည်ဝေမျှပါသည်
အလင်းကမ္ဘာ မှ ပြန်လည်မျှဝေသည် ။
Post a Comment - Back to Content
( မိမိတို့ရဲ့အမြင်လွတ်လပ်စွာရေးသားဖေါ်ပြနိုင်ပါတယ် )