ရောက်လာကြသော အဆွေတော်များအားလှိုက်လှဲစွာကြိုဆိုပါတယ်..။ အရင်အချိန်တုန်းက http://futurmyotaw.blogspot.com/ ဘလော့လ်အား အခုအချိန်မှာ http://myanmar-konge.blogspot.com/ ကဲ့သို့ပြောင်းသွားပါပြီးဖြစ်ကြောင်း မိတ်ဆွေသူငယ်ချင်းများအား အသိပေးအပ်ပါသည် ။

ရာဇာမင်း ခရီးသည်တင်မှန်လုံယာဉ်အား ဓါးပြတိုက်

ရာဇာမင်း ခရီးသည်တင်မှန်လုံယာဉ်အား ဓါးပြတိုက်

ယာဉ်နောက်လိုက် နိုင်လင်းထွန်း (၂၆)နှစ်အား ဦးခေါင်း၌ သေနတ်ဒဏ်ရာ(၁)ချက်နှင့် သေဆုံး

နေပြည်တော်၊ ဇွန် ၉

၈-၆-၂၀၁၃ ရက်နေ့ ၂၁၀၀ အချိန် မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ကျိုက္ခမီမှရန်ကုန်သို့ ထွက်ခွာလာသော ၈ဇ/xxxx““ရာဇာမင်း””ခရီးသည်တင်မှန်လုံယာဉ်သည် သထုံမြို့နယ်၊ တောင်စွန်း ကျေးရွာအနီး၊ ဘုရားကုန်းကွေ့အရောက်၌ ယာဉ်ပေါ်တွင်စီးနင်းလိုက်ပါလာသည့် ခရီးသည် များအနက် သေနတ်အတိုကိုင်ဆောင်ထားသူ ၅ ဦးက ယာဉ်အားအနီးရှိ မြေသားလမ်းအတိုင်း တောတွင်းသို့ မောင်းနှင်ခေါ်ဆောင်သွားခဲ့သည်။

Read More..

ရွှေတိဂုံစေတီတော် သို့ မန်ယူကစားသမား များဖူးမြှော်ကြည်ညို

ယနေ့ ဇွန်လ ၉ ရက်နေ့  မနက်ပိုင်းတွင်
ရန်ကုန်မြို့ သို့ ရောက်ရှိလာသော မန်ယူအသင်း ကစားသမား ဟောင်းများ သည်
ရန်ကုန်အပြည်ပြည်ဆိုင် ရာလေဆိပ်မှ တဆင့် ရွှေတိဂုံစေတီတော်သို့ 
လာရောက်ကြည်ညိုခဲ့ကြ ကြောင်း သိရသည်။
Read More..

06.06.2013 ရက်တွင်မလေးရှားရဲ မြန်မာ ၅၀၀ ခန့်ကို ဖမ်းဆီး


ကိုဇော်ဝင်းလှိုင်

06.06.2013
မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ အနီးဝန်းကျင် မြန်မာအများစုနေထိုင်တဲ့ ရပ်ကွက်တွေမှာ လွန်ခဲ့တဲ့ ရက်ပိုင်းအတွင်း အကြမ်းဖက် တိုက်ခိုက်မှုတွေ ဖြစ်ပေါ်ခဲ့ပြီးနောက် ဒီကနေ့မှာတော့ မြန်မာနိုင်ငံသား ၅၀၀ လောက်ကို ရဲက ၀င်ရောက် ဖမ်းဆီးသွားပါတယ်။ ထိခိုက် ဒဏ်ရာရသူတွေဟာ အခု ဆေးရုံမှာ ဆေးကုသမှု ခံယူနေကြရဆဲ ဖြစ်သလို အကြမ်းဖက်မှု ဖြစ်ပွားတဲ့ရပ်ကွက်တွေက မြန်မာတွေဟာလည်း ကိုယ့်အိမ်ကိုယ် မပြန်ရဲကြပဲ ဖြစ်နေပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။
Read More..

မလေးရှားရောက်မြန်မာနိုင်ငံသားများသတိထားစေလို

မလေးရှားမှာ ယနေ့စတင်စုဝေ ဆန္ဒပြပြီ !

မင်္ဂလာပါ
ယနေ့ည မလေးရှားစံတော်ချိန် 8:30 တွင် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ Kalana Jaya Stadium ၌ အတိုက်ခံပါတီခေါင်းဆောင် Dato' Seri Anwar bin Ibrahim (အဏ္ဍဝါ) နဲ့ အခြားအတိုက်အခံပါတီ များစုပေါင်းပြီး Bersih 4.0 ဆန္ဒပြပွဲကို ယနေ့ ကျင်းပနေပြီဖြစ်ပါတယ် ။
Read More..

မလေးရှားရောက်မြန်မာများ 5.5.2013 တွင် သတိထားသွားလာကြပါရန်

  • မလေးရှားနိုင်ငံရောက်..မြန်မာနိုင်ငံသားညီအကိုမောင်နှမအပေါင်းတို့ ခင်ဗျား

လာမည့်  (5.5.2013)ရက်နေ့ တွင် မလေးရှားနိုင်ငံ ၌ ၅နှစ်တကြိမ် ကျင်းပသော ရွေးကောက်ပွဲ ကျင်းပ မည်ဖြစ်ပါသည်၊ လက်ရှိအနိုင်ရပါတီနှင့် အတိုက်အခံပါတီ တို့ အားပြိုင်ကြမည့် ပွဲဖြစ်ပါသည်၊

ယ္ခင် ကြုံဖူးခဲ့ သောရွေး ကောက်ပွဲများနှင့် မတူပဲ ပြည်သူလူထုအတွင်း စိတ်ဝင်စားမူ့ အများဆုံးနှစ်ဟုဆိုနိုင်ပါသည်၊ လက်ရှိအာဏာရပါတီ အပေါ်နှစ်သက်သူများရှိသလို အတိုက်အခံပါတီအပေါ် နှစ်သက်သူဦး
ရေတိုးတက်လာသောနှစ်ဟုလည်းဆိုနိုင်ပါသည်၊

၎င်းရွေးကောင်ပွဲကာလအတွင်း မလေးရှားပြည်သူ များရွေးကောင်ပွဲအတွက်၊ ၄င်းတို့ ၏နိုင်ငံအရေးအတွက် လူစုလူ ဝေးနှင့် သွားလာ လှုပ်ရှားကြမည်မှာအသေခြာပင်ဖြစ်ပါသည်၊

အနိုင်နှင့် ...အရှုံးရှိပါ လိမ့် မည်၊ကျေလည်မူ့ ၊ မကျေလည်မူ့ များ လည်းရှိလာနိုင်ပါသည်။

ထိုနေ့ သည် တနင်္ဂနွေနေ့ ဖြင့် တိုက်ဆိုင်နေသည့် အားလျှော်
စွာပြည်ပ မှလာရောက်အလုပ် လုပ်ကိုင်နေကြရသော ကျွန်တော်တို့ ၏ အားလပ်ရက်နှင့် လည်း တိုက်ဆိုင်နေပါသည်၊

အားလပ်ရက်တွင်အလည်အပါတ်ထွက်တတ်ကြသောညီအကို
မောင်နှမများအားထိုရက်တွင်ဖြင့် အပြင်ထွက်လည်ပါတ်ခြင်းအားရှောင်
ကျဉ်ကြစေလိုပါသည်၊

အိမ်ရှင်နိုင်ငံသားများအားအလေးထားရာရောက်စေသလို မိမိထံသို့ မလို
လားအပ်သောအရာများမကျရောက်စေရန်လည်းထိမ်းသိမ်းကာ
ကွယ်ပြီးဖြစ်နေစေရန်ဖြစ်ပါသည်၊

မြန်မာနိုင်ငံသားအပေါင်း ဘေးကင်းရန်ကွာရှိကြပါစေ၊
မိမိလူမျိုး...မိမိနိုင်ငံသားတို့ အန္တရယ် ကင်းရှင်းစေရေးမိမိ အသိဖြင့် မိမိသာ ဖြန့် ဝေကြပါကုန်။

လေးစားစွာဖြင့်
အောင်(နီလိုင်း)
၂၇.၄.၂၀၁၃

Posted From Aung Than Nyunt Aungnilai
copy from thit htoo lwin blog
    မလေးရှားနိုင်ငံရောက်..မြန်မာနိုင်ငံသားညီအကိုမောင်နှမအပေါင်းတို့ ခင်ဗျား
Read More..
 
-->
ကျွန်ုပ်၏ဘလော့ကို လာရောက်လာကြတဲ့ မိတ်ဆွေသူငယ်ချင်းများအားကျေးဇူးတင်ပါတယ်...နောက်နှောင်လည်းလာရောက်လည်ပတ်ကြဖို့ ဖိတ်ခေါ်ပါတယ် ။