-- စီရိုနယ်ဒိုရဲ့ ထူးခြားချက် တစ်ချို့ - အိမ်လွမ်းသူကြီး မှ ကြိုဆိုပါတယ်ခင်ဗျာ
ရောက်လာကြသော အဆွေတော်များအားလှိုက်လှဲစွာကြိုဆိုပါတယ်..။ အရင်အချိန်တုန်းက http://futurmyotaw.blogspot.com/ ဘလော့လ်အား အခုအချိန်မှာ http://myanmar-konge.blogspot.com/ ကဲ့သို့ပြောင်းသွားပါပြီးဖြစ်ကြောင်း မိတ်ဆွေသူငယ်ချင်းများအား အသိပေးအပ်ပါသည် ။

စီရိုနယ်ဒိုရဲ့ ထူးခြားချက် တစ်ချို့

စီရိုနယ်ဒိုရဲ့ ထူးခြားချက် တစ်ချို့
==================
Photo: စီရိုနယ်ဒိုရဲ့ ထူးခြားချက် တစ်ချို့
==================

၁) စီရော်နယ်ဒိုဟာ အရက်သေစာ သောက်စားမှုလုံးဝ မလုပ်ပါဘူး။ အကြောင်းကတော့ သူ့အဖေကို သတ်ခဲ့တဲ့ လူသတ်သမားက အဲ့ဒီ အရက်ပဲ ဖြစ်နေလို့ပါ။

၂) သူ့ခန္ဓာကိုယ်မှာ တက်တူး လုံးဝမထိုးပါဘူး။ အကြောင်းကတော့ တစ်နှစ်ကို နှစ်ကြိမ် အမြဲလိုလို သွေးလှူလို့ပါပဲ။

၃) စီရော်နယ်ဒိုဟာ ဆင်းရဲနွမ်းပါးလွန်းတဲ့ မိသားစုက ပေါက်ဖွားလာခဲ့သူပါ။ သူ့အသက် (၂၀)နှစ် အရွယ်မှာပဲ သူ့အဖေက လောကကြီးနဲ့ သူတို့ မိသားစုကို စွန့်ခွာသွားခဲ့ပါတယ်။

၎) ပါလက်စတိုင်းက စာသင်ကျောင်းတွေမှာ အလှူကြီး ပေးခဲ့သလို၊ အာဖရိက ကဆင်းရဲနွမ်းတဲ့ နေရာတွေကိုပေးလှူခဲ့တာ ယူအက်စ် ဒေါ်လာ ၃ သန်း ကျော်ခဲ့ပါပြီ။

၅) အသက်(၉)နှစ်အရွယ် ကင်ဆာရောဂါသည်လေး အတွက် ကုသမှု ကုန်ကျစရိတ်ကို တာဝန်ယူပြီး ကုသပေးခဲ့ပါတယ်။

၆) "Save The Children" ဆိုတဲ့ အဖွဲ့မှာ အမြဲလိုလို အလှူအတန်း လုပ်ပြီး၊ ကမ္ဘာတစ်ဝှမ်းမှ ကလေး သူငယ်များအတွက် နှစ်စဉ်ကြုံကြိုက်တိုင်း အမြဲ အလှူအတန်း ပေးလေ့ရှိပါတယ်။

လူတိုင်းမှာ ဆိုးကွက်ရှိသလို၊ ကောင်းကွက်လည်း ရှိပါတယ်။ ဘယ်သူမှ အမှားနဲ့ မကင်းခဲ့ပါဘူး။ စီရိုနယ်ဒိုမှာလည်း မကောင်းကွက်တွေ ရှိသလို၊ ခုလို လေးစားဖွယ် ကောင်းကွက်တွေလည်း အများကြီးပါပဲ။ တော်ရုံလူ မစွမ်းသာတဲ့ ကောင်းမှုများ သူမကြာခဏ လုပ်နိုင်ခဲ့တယ်။ တစ်ရက်က မက်ဆီ အကြောင်း လေးစားအတုယူသင့် တာလေး တင်ဆက်ပြီးခဲ့သလို၊ စီရိုနယ်ဒို အကြောင်းလေး ဖတ်မိသလောက်ကို ပြန်လည် မျှဝေလိုက်တာပါ။
(မှတ်ချက်။  ။ စီရိုနယ်ဒို အနေနဲ့ ဒီထက်မက ကောင်းမှုတွေ အများကြီး လုပ်ချင်လုပ်ထား ပါလိမ့်မယ်။ ထူးခြားချက် အချို့ကို ဖတ်မိသမျှလေးကိုသာ မျှဝေခြင်းသာ ဖြစ်ပါတယ်။)

#A.Z.L#

https://www.facebook.com/ngehtwe.aung?ref=tn_tnmn

Post a Comment - Back to Content

( မိမိတို့ရဲ့အမြင်လွတ်လပ်စွာရေးသားဖေါ်ပြနိုင်ပါတယ် )

-->
ကျွန်ုပ်၏ဘလော့ကို လာရောက်လာကြတဲ့ မိတ်ဆွေသူငယ်ချင်းများအားကျေးဇူးတင်ပါတယ်...နောက်နှောင်လည်းလာရောက်လည်ပတ်ကြဖို့ ဖိတ်ခေါ်ပါတယ် ။