-- သံယောဇဉ် မုန်တိုင်း - အိမ်လွမ်းသူကြီး မှ ကြိုဆိုပါတယ်ခင်ဗျာ
ရောက်လာကြသော အဆွေတော်များအားလှိုက်လှဲစွာကြိုဆိုပါတယ်..။ အရင်အချိန်တုန်းက http://futurmyotaw.blogspot.com/ ဘလော့လ်အား အခုအချိန်မှာ http://myanmar-konge.blogspot.com/ ကဲ့သို့ပြောင်းသွားပါပြီးဖြစ်ကြောင်း မိတ်ဆွေသူငယ်ချင်းများအား အသိပေးအပ်ပါသည် ။

သံယောဇဉ် မုန်တိုင်း


 


ဖြတ်သန်းနေရတဲ့ ဘဝဟာ ခက်ခဲကြမ်းတမ်း

လျှောက်လှမ်းနေရတဲ့ လမ်းတွေဟာ မီးလိုပူပြင်း

ခံစားနေရတဲ့ စိတ်တွေဟာ တစ္ဆေတစ်ကောင်လိုခြောက်လှန့်

စိုးရွှံ့နေတဲ့ ခန္ဒာကိုယ်ဟာ မုန်တိုင်းမိတဲ့ သစ်ပင်လိုယိုင်နဲ့

လမ်းလျှောက်ရင်း လမ်းပျောက်နေသလို မျက်ကန်းတစ်ယောက်

ယောင်ချာချာအတွေးတွေနဲ့ စိတ္တဇဖြစ်နေသလို

ဘက်ပေါင်းစုံက စိန်ခေါ်မှုတွေကိုအံတုရင်း

သမုဒ္ဒရာထဲ တက်ကျိုးပြီးမျှောချင်ရာ မျှောနေတဲ့လှေတစ်စင်းလို

တခါတလေ ဒဿဂီရိလို ကိုယ်လုပ်ချင်တာ လုပ်ချင်ပေမယ့်

သြော်.....ငါ့မှာ.....သံယောဇဉ်တွေ ရှိနေပါသေးလား...



Written By Ngehtweaung

6 . 9 . 2012

Post a Comment - Back to Content

( မိမိတို့ရဲ့အမြင်လွတ်လပ်စွာရေးသားဖေါ်ပြနိုင်ပါတယ် )

 
-->
ကျွန်ုပ်၏ဘလော့ကို လာရောက်လာကြတဲ့ မိတ်ဆွေသူငယ်ချင်းများအားကျေးဇူးတင်ပါတယ်...နောက်နှောင်လည်းလာရောက်လည်ပတ်ကြဖို့ ဖိတ်ခေါ်ပါတယ် ။