(အခန်းကျဉ်း)
မနက်မိုးလင်းတိုင်း
မင်းစိတ်နဲ့နိုးထချင်သူမို့
ဘဝကပေးတဲ့ အချိန်များကို
ကိုယ်နင်းဖြတ်ခဲ့တယ်
အခပေး အခန်းကျဉ်းလေးထဲ
လှပတဲ့ အချစ်အိမ်လေး
ကိုယ်တို့တည်ဆောက်ခဲ့ကြတယ်
မယုံနိုင်လောက်တဲ့ အချစ်တွေနဲ့
မဖြစ်နိုင်တဲ့ ဘဝကို
ကိုယ်တို့ လက်တွဲလျှောက်ကြမယ်
ဒါဟာ ကိုယ်တို့ရဲ့ အချစ်ကမ္ဘာလေးပေါ့
ဒီလိုနဲ့ ကိုယ့်ညတွေကို
ညာဘက်လက်နဲ့ ဆုပ်ကိုင်ခဲ့တယ်
ဘယ်ကိုသွားမလဲ မသိခဲ့
မရေရာခြင်းနှင့် ခရီးဆက်
သေချာမှုတို့ ကင်းမဲ့ မညီမျှခြင်းရဲ့ ရလဒ်
ရှာဖွေရင်နှင့်အသက်ဆက်
ကိုယ့်ရဲ့အချစ်တွေနဲ့
ကမ္ဘာကိုပတ်ဖို့
သူ့ပိုင်ရှင်လေး လိုက်ရှာနေတယ်....။
Written By ngehtweaung
14 . 9 . 2011





Post a Comment - Back to Content
( မိမိတို့ရဲ့အမြင်လွတ်လပ်စွာရေးသားဖေါ်ပြနိုင်ပါတယ် )