-- မင်းအတွက် ငါ့ကမ္ဘာ! - အိမ်လွမ်းသူကြီး မှ ကြိုဆိုပါတယ်ခင်ဗျာ
ရောက်လာကြသော အဆွေတော်များအားလှိုက်လှဲစွာကြိုဆိုပါတယ်..။ အရင်အချိန်တုန်းက http://futurmyotaw.blogspot.com/ ဘလော့လ်အား အခုအချိန်မှာ http://myanmar-konge.blogspot.com/ ကဲ့သို့ပြောင်းသွားပါပြီးဖြစ်ကြောင်း မိတ်ဆွေသူငယ်ချင်းများအား အသိပေးအပ်ပါသည် ။

မင်းအတွက် ငါ့ကမ္ဘာ!


ဘ၀က နေတတ်ရင် ကျေနပ်စရာချည်းပါ
မလွယ်ခဲ့တာက လောကသားတွေရယ်ဖြစ်နေတော့
ကိုယ့်စိတ်ကို ကိုယ်မနိုင်ဘူးဖြစ်နေတယ်ဆိုတာကို
အပြစ်တင်စတမ်းဆို လက်ညိုးညွန်လို့
လွှတ်နိုင်ပါ့မလားကွာ ။
 

ငါ့ရဲ့အတွေးကမ္ဘာက အတိတ်ဘဝမှာ
ကျန်ခဲ့ပြီလို့ထင်ခဲ့တာ
ပက်ပင်းတိုးလေမှကို
ငါဟာတွေးနေပါလား သိတော့တယ်
မျဉ်းပြိုင်လို ညီမျှနေပြီလားဝိုးတစ်ဝါးနဲ့ ပန်းတိုင်ဆီလျှောက်
အခုမှပဲ ငါးပါးမှောက်လေပါရောလား။


ငါ့ရဲ့အတွေးကမ္ဘာက
ဘ၀သင်ခန်းစာလည်းမလောက်
ဟိုမရောက် ဒီမရောက်ရဲ့ကမ္ဘာလှည့်မှတော့
တစ်ယောက်တစ်လမ်းစီလျှောက်မှ
မင်းလိုရာရောက်မယ်ဆိုရင်
ငါပဲနောက်ဆုတ်လိုက်ပါ့မယ် ချစ်သူ...။


Written By ngehtweaung
25 . 02 . 2012

Post a Comment - Back to Content

( မိမိတို့ရဲ့အမြင်လွတ်လပ်စွာရေးသားဖေါ်ပြနိုင်ပါတယ် )

 
-->
ကျွန်ုပ်၏ဘလော့ကို လာရောက်လာကြတဲ့ မိတ်ဆွေသူငယ်ချင်းများအားကျေးဇူးတင်ပါတယ်...နောက်နှောင်လည်းလာရောက်လည်ပတ်ကြဖို့ ဖိတ်ခေါ်ပါတယ် ။