-- Blog တစ်ခု ရေးသားခြင်းမပြုမီ သိထားသင့်သည့်အချက် (၁၀) ချက် - အိမ်လွမ်းသူကြီး မှ ကြိုဆိုပါတယ်ခင်ဗျာ
ရောက်လာကြသော အဆွေတော်များအားလှိုက်လှဲစွာကြိုဆိုပါတယ်..။ အရင်အချိန်တုန်းက http://futurmyotaw.blogspot.com/ ဘလော့လ်အား အခုအချိန်မှာ http://myanmar-konge.blogspot.com/ ကဲ့သို့ပြောင်းသွားပါပြီးဖြစ်ကြောင်း မိတ်ဆွေသူငယ်ချင်းများအား အသိပေးအပ်ပါသည် ။

Blog တစ်ခု ရေးသားခြင်းမပြုမီ သိထားသင့်သည့်အချက် (၁၀) ချက်

            အွန်လိုင်းပေါ်မှာ မိမိဝါသနာပါရာတွေကို လုပ်ဆောင်ကြရင်း အချို့တွေကလည်း Blog တွေ ရေးသားတတ်ကြပါတယ်။ Blog ရေးသားခြင်းဟာလည်း အွန်လိုင်းယဉ်ကျေးမှုတစ်ခု အဖြစ်ရပ် တည်လာတဲ့အတွက် Blogging ကိုစိတ်ပါဝင်စားသူတွေ Blog တစ်ခုစတင်ရေးသားခြင်းမပြုမီမှာ သိထားသင့်တဲ့အချက် (၁၀) ချက်ကို ဖော်ပြပေးလိုက်ပါတယ်။

(၁). ဆွဲဆောင်မှုရှိတဲ့ Blog တစ်ခုကိုတည်ဆောက်ပါ။


          မိမိရေးသားလိုက်တဲ့ Blog တစ်ခုဟာ ဘယ်လိုအကြောင်းအရာမျိုးကိုပဲ ဦးတည်နေပါစေ၊ ဆွဲဆောင်မှုရှိနေဖို့ လိုအပ်ပါတယ်။ ဒါမှသာစာဖတ် ပရိသတ်များစွာ ရရှိနိုင်မှာဖြစ်သလို မိမိရဲ့ အရေးအသားစွမ်းရည်ကိုလည်း နှစ်သက်လက်ခံလာကြမှာဖြစ်ပါတယ်။

(၂). မိမိရဲ့အတွေးအမြင်တွေကို စုစည်းဖော်ပြပါ။

          Blog ရေးသားတယ်ဆိုတာဟာ မိမိရဲ့အတွေးအမြင် အယူအဆတွေကို လိုရင်းတိုရှင်းနဲ့ အဓိပ္ပါယ်ပြည့်စုံစွာ ဖော်ပြထားတာဖြစ်ပါတယ်။ သာမားရိုးကျ မီဒီယာလောကနဲ့ မတူညီဘဲ မိမိပြောလိုတဲ့အကြောင်းအရာရဲ့ အဓိကအချက်ကို သတင်းအချက်အလက် အပြည့်အစုံ ဖော်ပြပေးနိုင်ရမှာ ဖြစ်ပါတယ်။

(၃). မိမိရဲ့ ကျွမ်းကျင်တတ်မြောက်မှုတွေကို မျှဝေပါ။

        Blog ရေးသားခြင်းဖြင့် မိမိကျွမ်းကျင်တတ်မြောက်ထားတဲ့ ပညာရပ်နယ်ပယ်အတွင်းမှာ ပညာရှင်အျခင်းချင်း အသိပညာဖလှယ်ခြင်းတွေပြုလုပ်နိုင်ပါတယ်။ မိမိမသိရှိသေးတဲ့ အကြောင်းအရာ အသစ်တွေကို လေ့လာသိရှိရမှာဖြစ်သလို မိမိသိရှိပြီးသားအကြောင်းအရာတွေကိုလည်း မမေ့လျော့ဘဲ အမြဲ အမှတ်ရနေမှာ ဖြစ်ပါတယ်။

(၄). မိမိရဲ့ Personal Profile ကိုကောင်းမွန်စွာတည်ဆောက်ပါ။

        Website တွေပေါ်ကတစ်ဆင့် ကုန်ပစ္စည်းတွေ ကြော်ငြာကြသလို Blogger တွေအနေနဲ့လည်း ၎င်းတို့ရဲ့ ပင်ကို အရည်အသွေးတွေကို Blog Personal Profile တွေကနေတစ်ဆင့် မသိမသာ ဖော်ပြတတ်ပါတယ်။ ဒါဟာ အလုပ်အကိုင်ကောင်းတွေ ရရှိဖို့နဲ့ ပိုမိုကောင်းမွန်တဲ့အလုပ်တစ်ခုကို ဖန်တီးဖို့အတွက် နည်းလမ်းတစ်ခုဖြစ်ပါတယ်။

(၅). အစဉ်အမြဲ ဆန်းသစ်တီထွင်နေပါ။

        Blogger တစ်ယောက်မှာ သာမန်လူတွေထက်ပိုမိုထူးခြားတဲ့ ဖန်တီးလုပ်ဆောင်မှုတွေ အပြင် မိမိရဲ့ Blog ကို အစဉ်အမြဲ ဆန်းသစ်နေစေဖို့အတွက်လည်း စွမ်းဆောင်နိုင်စွမ်းတွေ လိုအပ်ပါတယ်။ မိမိရဲ့ Blog ဟာ ဆန်းသစ်တီထွင်မှုရှိပြီး နှစ်လိုဖွယ်အကြောင်းအရာတွေကို ဖော်ပြပေးနိုင်တယ်ဆိုရင် ပရိသတ်တွေများစွာ ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။

(၆). Blog ရေးရတဲ့အကြောင်းရင်းကို သေချာစွာသိရှိပါ။

        Blogging ဟာ အတော်လေးကျယ်ဝန်းတဲ့ နယ်ပယ်တစ်ခုဖြစ်သလို Blog အသစ်တွေ ဟာလည်း နေ့စဉ်နဲ့ အမျှအစဉ်ရေးသားဖော်ပြနေတတ်ကြတာဖြစ်ပါတယ်။ ဒါကြောင့် Blog တစ်ခုကို စတင်ရေးသားတော့မယ်ဆိုရင် ကိုယ်ပေးချင်တဲ့ သင်တင်းအချက်အလက်နဲ့ ဖတ်ရှုမယ့်လူတွေကို သိရှိထားရမှာ ဖြစ်ပါတယ်။ မဟုတ်ရင်တော့ မိမိရဲ့ Blog ဟာ ဘယ်လို ရည်ရွယ်ချက်နဲ့ ရေးသားထားတယ်ဆိုတာကို သိရှိဖို့ အတော်လေး ခက်ခဲပါတယ်။

(၇). မိမိကျွမ်းကျင်သလောက်နဲ့ တင်းတိမ်ရောင့်ရဲပါ။

          Blogging နယ်ပယ်အတွင်းကို စတင်ဝင်ရောက်လာတဲ့ Blogger အသစ်တွေအနေနဲ့ ကျွမ်းကျင်တတ်ကျွမ်းတဲ့ Problogger တစ်ဦးဖြစ်လာဖို့အတွက်ကို အချိန်အနည်းငယ်တော့ ပေးဆပ်ရမှာဖြစ်ပါတယ်။ မိမိ စတင်ရေးသားလိုက်တဲ့ BLog တစ်ခုကို မိမိကိုယ်တိုင်စိတ်ကျေနပ်မှုရှိဖို့နဲ့ မိမိကိုယ်မိမိ ယုံကြည်မှုရှိနေဖို့ လိုအပ်ပါတယ်။

(၈). ကိုယ်ပိုင်စွမ်းရည်နဲ့ အသစ်တွေ ဖန်တီးပါ။

          ရေးသားလိုက်တဲ့ Blog တစ်ခုဟာ ကိုယ်ပိုင်တီထွင်ဖန်တီးမှု ရှိရမှာဖြစ်ပါတယ်။ ပုံသေစနစ်တစ်ခုတည်းမှာ ပုံသေအကြောင်းအရာတစ်ခုကိုပဲ ဖော်ပြနေယ်ဆိုရင် ၎င်း Blog ဟာ ဟာဖတ်သူတွေအတွက် ဘယ်လိုမှဆွဲဆောင်မှု ရှိတော့မှာ မဟုတ်ပါဘူး။ မိမိရဲ့ Blog Reader တွေကို တန်ဖိုးထားပြီး အသစ်အသစ်သော ဖန်တီးမှုတေါကို အစဉ်ပြုလုပ်ပေးနေသင့်ပါတယ်။

(၉). စိန်ခေါ်မှုအသစ်တွေကို လက်ခံပေးပါ။

          Blog လောကဟာလည်း ပြိုင်ဆိုင်မှုတွေများပြားတဲ့ လောကတစ်ခုဖြစ်ပါတယ်။ Blogger တွေဟာ အစဉ်သဖြင့် ယှဉ်ပြိုင်မှုတွေကို ကြုံတွေ့နေရမှာ ဖြစ်တာကြောင့် Blogger တစ်ဦးအဖြစ်ရပါတည်ချင်သူတွေအနေနဲ့ အဆိုပါ ယှဉ်ပြိုင်စိန်ခေါ်မှုတွေကို လက်ခံပေးနိုင်ဖို့ လိုအပ်ပါတယ်။ မိမိကျွမ်းကျင်တဲ့နယ်ပယ်ကနေပြီး အခြားသူတွေကိုယှဉ်ပြိုင်ကာ ထင်ပေါ် ကျော်ကြားတဲ့ Blogger တစ်ဦးအဖြစ် ကြိုးစားရပ်တည်နိုင်ပါတယ်။

(၁၀). ငွေကြေးအတွက် Blog တစ်ခုကို မဖန်တီးပါနဲ့။

          Blog တစ်ခုကို စတင်ရေးသားတဲ့အခါမှာ ရေးသားရတဲ့ ရည်ရွယ်ချက်က အလွန်အရေးကြီးပါတယ်။ မိမိရေးသားလိုက်တဲ့ Blog တစ်ခုဟာ မိမိရဲ့ဘ၀ ရပ်တည်ရေးအတွက် ငွေကြေးရှာဖွေရယူတဲ့ နေရာတစ်ခုမဟုတ်သလို အဆိုပါ လုပ်ရပ်မျိုး မပြုလုပ်မိစေဖို့လည်း အလွန်အရေးကြီးပါတယ်။


.......Ref: Internet Journal မှ ကူးယူဖော်ပြသည်။.......

Post a Comment - Back to Content

( မိမိတို့ရဲ့အမြင်လွတ်လပ်စွာရေးသားဖေါ်ပြနိုင်ပါတယ် )

 
-->
ကျွန်ုပ်၏ဘလော့ကို လာရောက်လာကြတဲ့ မိတ်ဆွေသူငယ်ချင်းများအားကျေးဇူးတင်ပါတယ်...နောက်နှောင်လည်းလာရောက်လည်ပတ်ကြဖို့ ဖိတ်ခေါ်ပါတယ် ။