-- လက်ထိပ် - အိမ်လွမ်းသူကြီး မှ ကြိုဆိုပါတယ်ခင်ဗျာ
ရောက်လာကြသော အဆွေတော်များအားလှိုက်လှဲစွာကြိုဆိုပါတယ်..။ အရင်အချိန်တုန်းက http://futurmyotaw.blogspot.com/ ဘလော့လ်အား အခုအချိန်မှာ http://myanmar-konge.blogspot.com/ ကဲ့သို့ပြောင်းသွားပါပြီးဖြစ်ကြောင်း မိတ်ဆွေသူငယ်ချင်းများအား အသိပေးအပ်ပါသည် ။

လက်ထိပ်



ရေချိန်လွန်ကြူး
ခေါင်းထဲမူးတယ်။


ဒယိမ်းဒယိုင်
မထိန်းနိုင်လို့
ခွေရိုင်လမ်းလျှောက်
အိမ်မရောက်တော့ပြီ...။


တစ်ယောက်ထီးတည်း
ကားပဲစီးမယ်
စိတ်ကရွယ်လို့
မီးလဲ့လဲ့မြင် သုံးဘီးထင်ပြီ
ငါလျှင်လက်ပြ
မရပ်ကြဘူး။


ဒေါသခံပြင်း
နောက်တစ်စင်းတော့
ပုလင်းနဲ့ထု ဝုကနဲ့ရပ်
လက်ထိပ်ခတ်မှ
ထပ်ချပ်သတိ
ငါကြည့်မိတယ်
အီးးးးးးးးဟီးးးး
ရဲကား သူငယ်ချင်း။

 Written By-ngehtweaung
20 . 8 . 2012

Post a Comment - Back to Content

( မိမိတို့ရဲ့အမြင်လွတ်လပ်စွာရေးသားဖေါ်ပြနိုင်ပါတယ် )

 
-->
ကျွန်ုပ်၏ဘလော့ကို လာရောက်လာကြတဲ့ မိတ်ဆွေသူငယ်ချင်းများအားကျေးဇူးတင်ပါတယ်...နောက်နှောင်လည်းလာရောက်လည်ပတ်ကြဖို့ ဖိတ်ခေါ်ပါတယ် ။